မိတ္ထီလာမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး
မိတ္ထီလာ ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောမကျေးရွာအုပ်စု၊ တောမကျေးရွာနှင့် ကဖြူကျေးရွာအုပ်စု ညောင်ကားယားကျေးရွာ၊ မင်းတဲကုန်းကျေးရွာတို့း၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများအောင်မြင်စွာ ဖြစ်ထွန်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးပါသည်။
ထိုသို့စစ်ဆေးရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်တာဝန်ရှိသူများသည် တောမကျေးရွာ၊ ညောင်ကားယာကျေးရွာနှင့် မင်းတဲကုန်းကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသားအသင်းသူများက စီမံကိန်းလည်ပတ်ရန်ပုံငွေများဖြင့် မိသားစုဝင်ငွေတိုး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများပြည့်စုံမှန်ကန်မှုရှိမရှိစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင်ကျေးရွာများဖြစ်သည့် တောမကျေးရွာကို ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူ အသင်းသား ၁၀၈ ဦးအတွက် ငွေကျပ် ၃၂၀ ဒသမ ၅ သိန်းအားလည်းကောင်း၊ ညောင်ကားယားကျေးရွာနှင့် မင်းတဲကုန်းကျေးရွာတို့ကို နှစ်ရွာတစ်ယူနစ်အဖြစ် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်သူ အသင်းသား ၁၄၃ ဦးအတွက် ငွေကျပ် ၆၂၈ သိန်းအားလည်းကောင်း ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ထုတ်ချေးပေးထားကြောင်း မိတ္ထီလာမြို့နယ် ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
ကျော်ဦး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်