Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးခဲ့သည့်နေကြာသီးနှံများ စတင်ရိတ်သိမ်းခဲ့ရာ နေကြာတင်းပေါင်း (၁၁၇၇၃၂)တင်းထွက်ရှိ


27 Feb,2025

ကျောက်ဆည် ဖေဖော်ဝါရီ ၂7

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးခဲ့သည့် နေကြာသီးနှံ(၃၉၆၄)ဧက ရိတ်သိမ်း ခဲ့ရာ နေကြာတင်းပေါင်း(၁၁၇၇၃၂)တင်းထွက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

               အဆိုပါ ရိတ်သိမ်းခဲ့သော နေကြာစိုက်ခင်းများသည် သင်ပုတ်၊ မြင်းတွင်း၊ မြင်းချီနိုင်၊ မြင်းကဘက်၊ လက်ပန်ဇင်၊ ပေါင်လောင်လေး၊ ရွှေဦးမြေ၊ သံ-နောက်၊ ကင်း၊ တောင်တော်၊ မြေစိုမိုးကောင်း၊ ဆူးလေကုန်း၊ ကျားကာ၊ လယ်ကြီး၊ ကလေး၊ လေးဆယ်ကုန်း၊ တောတွင်၊ စိုင်မလန်း၊ ကိုးပင်၊ ဖျောက်ဆိပ်ပင်၊ ပဲခင်း၊ ရွာသစ်၊ ရဲရွာ၊ မြင်းစိုင်း၊ ရှမ်းတောင်ဦး၊ သင်္ဂတုန်၊ ချောင်းဆုံ၊ ရဲဘော်ကြီး၊ ရွှေဒါး၊ အရှ့ငယ်တိုး၊ မှိုင်းပန်၊ ရေကြည်စသည့် စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း၊ လယ်ယာမြေနှင့် အထွေထွေသမဝါယမအသင်း၊ စိုက်ပျိုးရေးနှင့်အထွေထွေ ထုတ်လုပ်ရေးအခြခံသမဝါယမအသင်း(၄၃)အသင်းမှ အသင်းသားတောင်သူများစိုက်ပျိုးထားသည့် နေကြာစိုက်ခင်းများဖြစ်ကြောင်း သိရသည်။

             ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံစိုက်တောင်သူများ လူမှုစီးပွာဘဝဖွံ့ဖြိုး တိုးတက်ရေး အထွက်နှုန်းကောင်းမွန်ပြီး အကျိုးအမြတ်ရရှိရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရှိ ဝန်ထမ်းများမှ တောင်သူများနှင့်ပူးပေါင်းပြီး သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ပြောင်းလဲ စိုက်ပျိုးရေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ သွင်းအားစုများ ထောက်ပံ့ပေးခြင်း၊ ဆက်စပ်ဌာနများ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။       

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်