မင်္ဂလာဒုံ ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာန အစည်း အဝေးခန်းမ၌ ဖေဖော်ဝါရီ ၂၆ က ကျင်းပသည်။
ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာသိမ်းမှ သမဝါယမ လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ အသင်း စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားအတည်ပြုချက်ရယူပြီး အစုပေါ်အမြတ်ငွေ ၇၃၂၇၁၀ ကျပ်ကို အသင်းဝင်အသင်းသားများထံ အစုတိုးမြှင့်ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်