နေပြည်တော် မတ် ၂
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၌ ယနေ့နေလည် ၂ နာရီအချိန်ကကျင်းပရာ အ သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသိန်းတိုး၊ ဒုတိယညွှန်ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အဖွင့်အမှာစကားပြောကြားရာအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ဝန် ကြီးဌာန၏ မျှော်မှန်းချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာပြီး ကျေး လက်နေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်များအကြား ဖွံ့ဖြိုးမှု ကွာဟချက်ကျဉ်း မြောင်း စေရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို သင် ကြားပို့ချပေးခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရန် နည်းပညာအကူအညီပေးခြင်း၊ အား ပေးကူညီခြင်းနှင့်ထွက်ရှိလာသည်ထုတ်ကုန်ပစ္စည်းများ ကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ လုပ်ငန်းမှတ်ပုံတင်ပေးခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးနေသည့်ဌာန တစ်ခုဖြစ်ကြောင်း၊ အသေးစားစီးပွားရေးလုပ်ငန်းများသည် MSME လုပ် ငန်းများမှာ Micro အနေဖြင့် ပါဝင်ပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျပြီး အရေးပါသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်ချက်များသည် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက်စီးပွားရေးဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့်စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင် ပြုပြီး MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းက အ ထောက်အကူဖြစ်စေရန်ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်း၊ မိမိတို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန အနေဖြင့်လည်း Start Up လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် နည်းပညာပေးသင်တန်းများဖွင့် လှစ်ပေးခြင်း၊ ရုံးချုပ် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Incubation Centre များဖွင့်လှစ်ပြီး နည်းပညာများ ဖြန့်ဖြူး ပေးခြင်းတို့ကိုဆောင်ရွက်လျှက်ရှိကြောင်း၊ ဌာနအနေဖြင့် ယခင်က နည်းပညာ သင်တန်းများသာဖွင့်လှစ်ပေးခဲ့သော်လည်း ယခုအခါမှာပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းထူထောင် နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထို့ပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဝင်ငွေတိုးစီမံကိန်းကို လုပ်ငန်းခေါင်းစဉ်(၇)ခုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ဌာနအ နေဖြင့်ဝင်ငွေတိုးစီမံကိန်းများကို စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွန်း လာစေရန်၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ခေတ်မီစံပြကျေးရွာရှိ ကျေး လက် နေပြည်သူများ ဝင်ငွေတိုးပွားစေရန်စသည့် ရည်ရွယ်ချက်များနှင့်ဆောက်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းဖြင့်ယနေ့ အထိ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခု ရှိ ကျေးရွာစုစုပေါင်း (၃၇၂) ရွာမှာ စုစုပေါင်းလုပ်ငန်းရှင် (၁၈၆၀)ဦးကို လုပ်ငန်းထူထောင်ပေးနိုင်ခဲ့ကြောင်း၊၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွင်းမှာလည်း ဝင်ငွေတိုးစီမံကိန်းကို တိုင်းဒေသ ကြီး/ ပြည်နယ်များမှာ ပုံမှန်အတိုင်းဆောင်ရွက်မည်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် မြေယာပျက် စီးသူများ၊ မြေယာပျောက်ဆုံးသူများနှင့်လုပ်ငန်းဆုံးရှုံးခဲ့ရသည့် ပြည်သူများကို နေ့စဉ်ဝင်ငွေရရှိရေး အတွက် လုပ်ငန်းများ ထူထောင်နိုင်ရေးဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လယ်ဝေးမြို့နယ်၊ အောင်မြင်ကုန်း ကျေးရွာ၊ ကြံခင်း (စံပြ) ကျေးရွာ နှင့် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်း (စံပြ) ကျေးရွာတို့မှ သင်တန်းသူများအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းတိုးနှင့် တာဝန်ရှိသူများက စက်ချုပ်လုပ်ငန်းထူထောင်ရန် အပ်ချုပ်စက်၊ ဓါးစက်၊ ဘိတင်စက်နှင့် ထုပ်သီးရိုက်စက် များအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်