Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစု၏ ရေပေးဝေရေးဆောင်ရွက်မှုအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု့စစ်ဆေး


03 Mar,2025

ဆင်ပေါင်ဝဲ မတ် ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ် သမဝါယမအသင်းစု၏ ရေပေးဝေရေးဆောင်ရွက်မှုအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ကြာအင်းကျေးရွာ၊ မကြီးစမ်းကျေးရွာ၊ သမန်းကြီးကျေးရွာ၊ ညံတောအင်း ကျေးရွာ၊ ကုက္ကိုစမ်းကျေးရွာ၊ ကျောက်ဆောင်စမ်းကျေးရွာ၊ ချောင်းကောက်ကျေးရွာတို့ရှိ သမဝါယမ အသင်းအမှုဆောင်များနှင့် အသင်းသားများအားတွေ့ဆုံပြီး သမဝါယမဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရမည့်လုပ်ငန်းစဥ်များ၊ အထွက်နှုန်းတိုးသည့် စပ်မျိုးဝါများ ပြောင်းလဲစိုက်ပျိုးပါကရရှိမည့် အကျိုး ကျေးဇူးများနှင့် သမဝါယမသင်တန်းကျောင်းများတွင် တက်ရောက်ရန်လိုအပ်သည့်အချက်အလက် များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်