နေပြည်တော် ဖေဖော်ဝါရီ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးခြင်းနှင့် ရေသန့်စင် နည်းစနစ်များ လက်တွေ့ဆောင်ရွက်ခြင်းသင်တန်းနှင့် သတင်းနှင့်ဆောင်းပါး ရေးသားနည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ဘီ)၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က သင်တန်း ဆင်းအမှာစကားပြောကြားရာ၌ သင်တန်းသား၊ သင်တန်းသူများအား ရေအရည်အသွေးစမ်းသပ်ခြင်းနှင့် ပတ်သက်၍ ကိုယ်တိုင်ကျွမ်းကျင်မှုရှိလာ စေရန်နှင့် ပြန်လည်ဆင့်ပွားအသုံးချနိုင်စေရန် ရေအရည်အသွေး စမ်းသပ် စစ်ဆေးခြင်းနှင့် ရေသန့်စင်နည်းစနစ်များ လက်တွေ့ဆောင်ရွက်ခြင်း သင် တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဝန်ကြီးဌာနနှင့် ဦးစီးဌာနက ဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အများပြည်သူကို ဝန်ဆောင်မှုပေး သည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် သတင်းနှင့် ဆောင်းပါးရေးသားနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သင်တန်းသား၊ သင်တန်းသူ များအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။ အခမ်းအနားသို့ ဒု တိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူ သင်တန်းသားများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြ သည်။
အဆိုပါသင်တန်းများကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးစီဖြင့် စုစုပေါင်း ၅၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်း/ဆောင်းပါးသင်တန်းသားများ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်