ပေါင် မတ် ၃
မွန်ပြည်နယ် ပေါင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျောက်ရေတွင်း-တံခွန်တိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ရေတွင်း-တံခွန်တိုင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဇွန် ၂၄ ရက်တွင် Royal Tun Tun Company က တာဝန်ယူပြီး စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။
အဆိုပါ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ငွေကျပ် ၃၅၅ ဒသမ ၉၉၈ သန်း အကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်