Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ချမ်းသာ(ရွာသစ်)ကျေးရွာ၌ မြေဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


04 Mar,2025

ဘားအံမြို့နယ် ချမ်းသာ(ရွာသစ်)ကျေးရွာ၌ မြေဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

ဘားအံ မတ် ၄

 

ကရင်ပြည်နယ် ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကော့စိန်ဘန်း(အောက်)ကျေးရွာအုပ်စု၊ ချမ်းသာ(ရွာသစ်)ကျေးရွာ၌  မြေဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ်လ ၄ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူ များကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသူရလွင်နှင့် တာဝန်ခံအင်ဂျင်နီ ယာဝန်ထမ်းများက  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ချမ်းသာ(ရွာသစ်)ကျေးရွာ၌  မြေဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး  ဦးစီးမှူးက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်ဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ကျေးရွာမှ တာဝန်ရှိသူများအား မှာကြားသည်။

ချမ်းသာ(ရွာသစ်)ကျေးရွာ၌ မြေဂဝံလမ်းသည် အရှည် ပေ ၃၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိမြေဂဝံလမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ရန်ပုံငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၃ သန်း၊ စုစုပေါင်း ကုန်ကျငွေ ၁၈ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများက နည်းပညာပံ့ပိုးကာ အနီးကပ်ကြီးကြပ်၍ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ဒုတိယအပတ်က  စတင်ဆောင်ရွက်ခဲ့ရာ ယခု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဦးစီးမှူး ဦးသူရလွင်ပြောပြ၍သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်