ချောင်းဆုံ မတ် ၂
ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးလှမျိုးဝင်းနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၇ ရက်က ချောင်းဆုံ မြို့နယ်အတွင်းရှိ ကျေးလက်လမ်း၊တံတား တည်ဆောက်ရေးလုပ်ငန်း များကို ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၂၄၈ ဒသမ ၇၅ သန်းနှင့် ပြည်နယ်ရန်ပုံငွေကျပ် ၂၇၆ ဒသမ ၉၅ သန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသော ရွာလွတ်၊ တော်ကနာနှင့် ကမာမိုကျေးရွာများရှိ ကတ္တရာလမ်း ခုနစ်လမ်း၊ ကတောင်စိန်ကျေးရွာရှိ ကွန်ကရစ်လမ်း တစ်လမ်း၊ မုရစ်ကြီးကျေးရွာရှိ ကျောက်ချောလမ်း တစ်လမ်း၊ ကလော့ကျေးရွာရှိ မြေသားလမ်း နှစ်လမ်း၊ ခရိုက်ဒူးကျေးရွာနှင့် ကရင်ဝင်းစိန်ကျေးရွာတို့ရှိ ကွန်ကရစ်တံတား နှစ်စင်းနှင့် Box Culvert လေးစင်း တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်