နေပြည်တော်၊ မတ် ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ဌာနတွင် အရည်အချင်းပြည့်ဝသည့် သင်တန်းနည်းပြများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ (၁၄)ရက်ကြာ ဖွင့်လှစ်ခဲ့သော အခြေခံမော်တော် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ(TဝT)သင်တန်း အမှတ်စဉ်(၂/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ဝင်ငွေတိုးစီမံကိန်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းမှ သက်ဆိုင်ရာ သင်တန်းအလိုက် သင်တန်းသားများအနေဖြင့် ကိုယ်ပိုင် လုပ်ငန်းများ ထူထောင်ကြရမည်ၐဖြစ်ပါကြောင်း၊ ထိုသို့ ကိုယ် ပိုင်လုပ်ငန်းထူထောင်ရာတွင် လုပ်ငန်းကျွမ်းကျင်းမှုသည် အရေးကြီးသည့်အတွက် ကျေးရွာများမှ သင်တန်းသားများကို သင်ကြားပို့ချပေးရမည့် နည်းပြများ၏ အရည်အချင်းသည်လည်း စွမ်းဆောင် ရည်ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သင်ကြားပို့ချမှု စွမ်းဆောင်ရည်များ ပြည့်ဝနေစေရန် အတွက် ယခုလို (TဝT) သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပြသပေးလိုက်သည့် ပညာရပ်များကို မိမိတို့၏ ဌာနသို့ ပြန်လည် ရောက်ရှိသည့် အချိန်တွင်လည်း ဆက်လက်လေ့လာပြီး ကျွမ်းကျင်မှုရှိစေရန် အမြဲလေ့ကျင့်နေရန် လိုအပ်ပါကြောင်း၊ အမြဲလေ့လာ လေ့ကျင့်နေမှသာ ပြည်သူများအတွက် သင်တန်းများ ဖွင့်ရာတွင် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီး ထူးချွန်ဆုရရှိသော သင်တန်းသားတစ်ဦးအား ဂုဏ်ပြု ဆုတံဆိပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
ယခု ဖွင့်လှစ်ခဲ့သော သင်တန်းသား (၁၅)ဦးတို့အား မော်တော်ဆိုင်ကယ်တစ်စီးတွင် တပ်ဆင်အသုံးပြုထားသော အင်ဂျင်၏အလုပ်လုပ်ပုံများ၊ အစိတ်အပိုင်းတစ်ခုချင်းစီ၏ အလုပ်လုပ်ပုံများ၊ ဂီယာဘောက်နှင့် ကလပ်ချိတ်ဆက်မှုနှင့် မီးပေးစနစ်စသည့် ပညာရပ်များကို ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက်စေရန် သင်တန်းနည်းပြများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်