Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇေယျာသီရိမြို့နယ် ပေါက်ကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေထုတ်ချေး


04 Mar,2025

ဇေယျာသီရိမြို့နယ် ပေါက်ကုန်းကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေထုတ်ချေး

************************************************************************

နေပြည်တော်     မတ်     ၄ 

          ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မအူတောကျေးရွာအုပ်စု၊ ပေါက်ကုန်းကျေးရွာ၌ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေးခြင်းကို မတ် ၃ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ် ၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမျိုးဇော်က စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၃၇၉သိန်း လွှဲပြောင်းပေးအပ် သည်။

ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပေါက်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးကို ငွေကျပ် ၁၉သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၂ဦးကို ငွေကျပ် ၁၀၃သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆၇ဦးကို ငွေကျပ် ၁၉၃သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂၅ဦးကို ငွေကျပ် ၆၄သိန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၃၀ဦးကို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေကျပ် ၃၇၉သိန်း ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

နော်လူး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်