ဘားအံ မတ် ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၆၃)နှစ်မြောက်တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ ကရင်ပြည်နယ် သမဝါယမဦးစီးဌာနက ပြခန်းများ ပါဝင်ခင်းကျင်းပြသခဲ့သည်။
အဆိုပါကရင်ပြည်နယ်သမဝါယမဦးစီးဌာနက ခင်းကျင်းပြသောပြခန်းသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ရာ ပြည်နယ် ဦးစီးမှူး ဒေါ်အေးပွင့်က နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် သမဝါယမကဏ္ဍအနေဖြင့် အသင်းသားတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေး တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးနေကြောင်း၊ သမဝါယမအသင်းဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများကို သိရှိစေရန် သမဝါယမကဏ္ဍမှပြခန်းတွင် ပါဝင် ပြသရခြင်းဖြစ်ကြောင်း၊ သမဝါယမကဏ္ဍအနေဖြင့် တောင်သူအကျိုးစီးပွားများကို ဆောင်ရွက် ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ငန်းများမှ စီးပွားဖြစ် ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ပေးနေကြောင်း၊ သမဝါယမကဏ္ဍမှ စိုက်ပျိုးရေး စီမံကိန်းသီးနှံများဖြစ်တဲ့ နွေစပါး၊ မိုးစပါး၊ ဝါ၊ ဆောင်းဆီထွက်သီးနှံတွေကို စိုက်ပျိုး အကောင် အထည် ဖော်နေပြီး ထွက်ရှိသည့်ကုန်ချောပစ္စည်းများကို အသင်းအချင်းချင်းချိတ်ဆက်ပြီး ဝယ်ယူ ကြိတ်ခွဲ ရောင်းချနိုင်အောင် ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် ပံ့ပိုးပေးလျက်ရှိကြောင်း၊ သမဝါယမ ဦးစီးဌာနအနေဖြင့် ပံ့ပိုးမှုများရရှိနိုင်ရန် သမဝါယမအသင်းအချင်းချင်းပံ့ပိုးငွေ၊ ပြည်နယ်အစိုးရ အဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ငွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေ၊ ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေမှ မတည်ငွေများရယူခြင်းနည်းလမ်းဖြင့် ဆောင်ရွက်ပေးနေပါကြောင်း ပြည်နယ်ဦးစီးမှူးက ရှင်းလင်း ပြောကြားခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က သမဝါယမလုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရန်နှင့် သမဝါယမထွက်ကုန်များ ထုတ်ပိုးမှုအဆင့်မြှင့်တင်ဆောင်ရွက်ရောင်းချရန် လမ်းညွှန်မှာကြားခဲ့သည်။
ပြခန်းတွင် သံတောင်ကြီးမြို့နယ် ဒေသထွက်ကုန်များဖြစ်သောကော်ဖီမှုန့်၊ ပျားရည်၊ လက်ဖက် ခြောက်၊ လက်ဖက်စို၊ လက်ဖက်မွှေး၊ မျှစ်ခြောက်၊ မျှစ်ချဥ်၊ စပျစ်ဖျော်ရည်များ၊ ဘားအံမြို့နယ် ဆန်လုပ်ငန်းရှင်များ သမဝါယမအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များ သမဝါယမအသင်းထွက်ကုန် ဖြစ်သော ဆန်များနှင့် မြေပဲဆီများ၊ ညီနောင်ရင်းသွင်းအားစုသမဝါယမအသင်း၏ ထွက်ကုန် ဖြစ်သော သဘာဝမြေဩဇာများ၊ ယုဇနလယ်ယာနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းမှ ထွက်ရှိသော မြေပဲဆားလှော်များကို ပြခန်းတွင်ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်