Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်းတယမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းပြီးစီး


05 Mar,2025

ပင်းတယ မတ် ၄

            ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကြေးတွင်းကုန်းကျေးရွာ၊ ဒရယ်အင်းကျေးရွာ၊ ကူးကော်ကျေးရွာနှင့် စံသီးကုန်း ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

           အဆိုပါ ကျေးရွာချင်းဆက်လမ်း လမ်းအရှည်(၀/၄မိုင်)၊ အကျယ် ၁၆ ပေ၊ ဒု ၁၄ လက်မကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၉၂ ဒသမ ၇၃၁ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများ မတ် ၂ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

အောင်ကိုဦး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်