Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


05 Mar,2025

နေပြည်တော်  မတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစု(လီမိတက်) ဥက္ကဋ္ဌက သဘာပတိ အဖြစ် ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊  ပျဉ်းမနားမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းလွင်က သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးဌာန၊ မြို့နယ် သမဝါယမအသင်းစု၊ အခြေခံသမဝါယမအသင်းများ တက်ညီလက်ညီ ဆောင်ရွက်ကြရန်၊ သမဝါယမ အသင်းများရှိ အသင်းသားများ၏ လယ်ယာမြေများပေါ်တွင် သီးနှံများအချိန်မီ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးတက်စေရေးအတွက် “မျိုး၊ ရေ၊ မြေ၊ နည်း” ဟူသော နည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်ကြရန်နှင့် အသင်းအဆင့်ဆင့်ရှိ အမှုဆောင်များက ကြိုးစားဆောင်ရွက် ကြရန်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသည် အသင်းတစ်သင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်း ဖြစ်၍  အသင်းသားများသည် ကတိသစ္စာခံယူထား၍ ညွှန်ကြားချက်၊ ဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်လိုကြောင်း၊ အသင်းများအနေဖြင့် အသင်းလုပ်ငန်းများကို စုစုစည်းစည်း ညီညီ ညွတ်ညွတ် စုပေါင်းစွမ်းအားဖြင့် ဖြေရှင်း၍ ရည်ရွယ်ချက်ပန်းတိုင်များအတိုင်း လျှောက်လှမ်းသွားရန်  ပြောကြားခဲ့သည်။

ထို့နောက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီအရင်ခံစာ၊ အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ၊ အသင်း၏ဘဏ္ဍာရေးအစီအရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးက ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက်လာသော အသင်းဝင် ကိုယ်စားလှယ်များက ကန့်ကွက်ရန်မရှိပါသဖြင့် သဘာပတိက အတည်ပြုခဲ့သည်။ အစည်းအဝေးသို့ နေပြည်တော်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းနှင့် တိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်