ဆင်ပေါင်ဝဲ မတ် ၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်က ဒေသ တွင်းရှိ တောင်သူများလိုအပ်သည့် မြေဩဇာလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်နှင့် သဘာဝကုန်ကြမ်းများမှ ရရှိသောသဘာဝမြေဩဇာများကို ဈေးနှုန်းသက်သာစွာ ရရှိနိုင်စေရန် နှမ်းရိုးသဘာဝမြေဩဇာကို ထုတ်လုပ်လျက်ရှိသည်။
အဆိုပါသဘာဝမြေဩဇာတွင် အဓိကလိုအပ်သည့် နွားချေး၊ နှမ်းရိုး၊ ဖွဲနုနှင့် အကျိုးပြု အဏုဇီဝမြေဩဇာ(အီးအမ်) တို့ကို အသုံးပြု၍ပြီး သဘာဝမြေဆွေးကျင်းပေါင်း ၁၂၀ ဖြင့် ထုတ်လုပ်လျက်ရှိပြီး ၁ ကျင်းလျှင် ၂ တန်နှုန်းဖြင့် ပိဿာ ၃၀ ဝင် အိတ် ၄၀ ထွက်ရှိကာ အိတ်ပေါင်း ၅၀၀၀ ဝန်းကျင်ခန့်ထုတ်ယူသုံးစွဲနိုင်ပြီဖြစ်သည်။ အသင်းအနေဖြင့် နှမ်းရိုး သဘာဝမြေဩဇာကို စံပြစိုက်ကွက်များတွင်ထည့်သွင်းစိုက်ပျိုးပြီး ၎င်းစိုက်ကွက်များတွင် ဝါနှင့် နေကြာသီးနှံများကိုစိုက်ပျိုးခဲ့ရာ အထွက်နှုန်းများကောင်းမွန်ခဲ့၍ မြေပဲ၊ ပဲစင်းငုံနှင့် နှမ်းများကို ဆက်လက်စိုက်ပျိုးမည်ဖြစ်သည်။
နှမ်းရိုးသဘာဝမြေဩဇာသည် ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ ရေရှည်တွင် မြေဆီများကို သဘာဝအတိုင်းပြန်လည်ဖြစ်ပေါ်စေခြင်း၊ မလိုအပ်သည့် ပိုးမွှားအန္တရာယ်မကျရောက်ခြင်း၊ ပေါင်းမြတ်များမပေါက်ရောက်ခြင်း အပြင် မြေဩဇာတွင်ပါဝင်သည့် အကျိုးပြုသည့် အဏုဇီဝ မြေဩဇာ(အီးအမ်)သည် စိုက်ပျိုးမည့်သီးနှံများကို ရှင်သန်ကြီးထွားစေရန် မွေးထုတ်ပေးသည့် အတွက် တောင်သူများအနေဖြင့် ရေရှည်သုံးစွဲသင့်သည့် သဘာဝမြေဩဇာဖြစ်သည်။ မြေဩဇာတွင်ပါဝင်သည့် နှမ်းရိုးသည် ၃ လအကြာတွင် မြေဩဇာဖြစ်နိုင်ပြီး ယခုလက်ရှိတွင် ပဲစဉ်းငုံရိုးကို မြေဩဇာ ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် နှမ်းရိုးသဘာဝမြေဩဇာကို အသင်းအကျိုးနှင့် တောင်သူများအကျိုး အတွက် ဆက်လက်ထုတ်လုပ်မည်ဖြစ်ပြီး တောင်သူများအနေဖြင့် လယ်ယာမြေများတွင် စနစ်တကျသုံးစွဲပါက များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့ပြင်အသင်းမှ မြေဩဇာထုတ်လုပ်မှု အတွက် လိုအပ်သည့်နွားချေးများရရှိရန်နှင့် မွေးမြူရေးကဏ္ဍအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန် နွားနှင့် ဒေသကြက်များကိုလည်း မွေးမြူ ထားရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်