Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်တလည်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် GW-11 နွေစပါး (၃) ဧက စိုက်ပျိုးနေမှုအား တာဝန်ရှိသူများ ကြည့်ရှု့အားပေး


07 Mar,2025

ကျောက်ဆည် မတ် ၆

မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးထွန်းဇော်ဦး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပင်တလည်ကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား တောင်သူဦးကျော်ငွေထွန်း၏ ကွင်းအမှတ်၂၀၈(က)၊ ဦးပိုင်အမှတ်၂၆/၅ လယ်မြေ (၃) ဧကတွင် ကောက်စက်ဖြင့် GW-11 နွေစပါး စိုက်ပျိုး နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း သည် မြို့နယ်သမဝါယမအသင်းစုရုံးသို့ သွားရောက်ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှ အမှုဆောင်များနှင့်တွေ့ဆုံပြီး မြို့နယ်သမဝါယမဦးစီးဌာန လုပ်ငန်းများအောင်မြင်ရေးနှင့် အခြေခံသမဝါယမအသင်းသားများ၏ လူမှုဘဝများဖွံ့ဖြိုး တိုးတက် ရေး ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်