"သာပေါင်းမြို့နယ် အိုးဘိုကျေးရွာနှင့် ဘောတလင်းကုန်းကျေးရွာ၌မြစိမ်း ရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး"
သာပေါင်း မတ် ၆
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အိုးဘိုကျေးရွာနှင့်ဘောတလင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက အိုးဘိုကျေးရွာနှင့် ဘောတလင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်းကောင်း ၊စာရင်းဇယားများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာနှစ်ရွာ၌ မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို နှစ်ရွာတစ်ယူနစ်စနစ်ဖြင့်၂၀၁၄- ၂၀၁၅ခုဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုးဦးကိုငွေကျပ် ၃၇သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၄ဦးကို ငွေကျပ် ၃၃၈သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူနှစ်ဦးကို ငွေကျပ် ၁၀သိန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂၀ဦးကို ငွေကျပ် ၈၅သိန်း၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၁၅ဦးတို့အားမြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၇၀သိန်းထိ
ထုတ်ချေးပေးထားကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်