Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ်အတွင်း ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


10 Mar,2025

နေပြည်တော် မတ် ၈

             သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်း နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေ/ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ/ ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့်လမ်းများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မတ် ၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းတာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးထွန်းဝေက တိုင်း/ခရိုင်/မြို့နယ် တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေးတို့ကို အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်