Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ်၌ ရသဝေါအင်းကန်ပတ်လမ်း အပိုင်း(၂) ဂဝံမြေခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


10 Mar,2025

ဘားအံ   မတ်     ၁၀

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ရသဝေါအင်းကန်ပတ်လမ်း အပိုင်း(၂) ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မတ် ၉ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နန်းအဲဖောင်အွာ၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ရသဝေါအင်း ကန်ပတ်လမ်း အပိုင်း(၂) ဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နန်းအဲဖောင်အွာက ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည် တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားခဲ့သည်။

ဘားအံမြို့နယ်၌ ရသဝေါအင်းကန်ပတ်လမ်း အပိုင်း(၂) အရှည် ၄ ဒသမ ၇ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် လေးပေရှိ ဂဝံမြေခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၉၀ ဒသမ ၁သန်းအသုံးပြုကာ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာစုဖွဲ့၍ ၂၀၂၄ခုနှစ်၊ မေလ ၂ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးသဖြင့် ကျေးရွာရှိ အိမ်ခြေ ၂၇၇အိမ်၊ လူ ၁၂၂၁ဦးတို့အတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်နန်းအဲဖောင်အွာက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်