ကျောက်တန်းမြို့နယ် ကြံပင်ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
******************************
ကျောက်တန်း မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရန်အတွက် ကြံပင်ကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း နှင့် တာဝန်ရှိသူများသည် ကြံပင်ကျေးရွာကုန်ထုတ်လမ်းအရှည် တစ်မိုင် ၄ ဒသမ ၂ ဖာလုံ အကျယ် ၁၂ ပေ ထု ၉ လက်မ ဂဝံကျောက်ခင်းခြင်း၊ အလျား ၁၂ ပေ အနံ ၁၄ ပေ အမြင့် ၁၀ ပေ ကွန်ကရစ်တံတားတစ်စင်းနှင့် Box Culvert ၄ စင်း တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက ကျေးရွာ ကုန်ထုတ်လမ်းကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၅၄ ဒသမ ၇၆ သန်းဖြင့် ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ကြံပင်ကျေးရွာရှိ လယ်ဧက ၈၀၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန်ပစ္စည်းများ ရာသီမရွေး ဈေးကွက်သို့ သယ်ပို့နိုင်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်