Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်မြို့နယ်၌ သမဝါယမအသင်းသားများ၏ ဆန်စက်လုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


17 Mar,2025

မော်လမြိုင် မတ် ၁၂

စိုက်ပျိုးရေးကို အခြေခံသည့်စက်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာရေး၊ ဒေသထွက်သီးနှံ များကုန်ချောအဖြစ်ပိုမိုထုတ်လုပ်နိုင်ရေး၊ သမဝါယမအသင်းများမှ အသင်းသားများ၏ ရင်းနှီးငွေ လိုအပ်ချက်နှင့် ဈေးကွက်ရရှိရေးတို့အတွက် သမဝါယမဦးစီးဌာနအနေဖြင့် ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ အောင်ကောင်းစံဆန်စက်လုပ်ငန်းရှင်များ သမဝါယမ အသင်းလီမိတက်မှ အသင်းသားများ၏ ဆန်စက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဆန်စက်များသို့ ကွင်းဆင်း ကြည့်ရှုခဲ့ပြီး၊ ဆန်ကြိတ်ခွဲဆောင်ရွက်နေမှုအခြေအနေနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအပေါ်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ အောင်ကောင်းစံဆန်စက်လုပ်ငန်းရှင်များ သမဝါယမအသင်းလီမိတက်မှ အသင်းသားများက ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သိန်း(၁၀၀၀/-) ပံ့ပိုးငွေ ရယူလျက် စပါးကြိတ်ခွဲမှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဆန်စက်မှ ဒေသတွင်းထွက်ရှိသောစပါးများကို ဝယ်ယူကြိတ်ခွဲ၍ မော်လမြိုင်နှင့် ပေါင်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်