မကွေး မတ် ၁၈
မကွေးတိုင်းဒေသကြီးအတွင်းရှိ မီးလောင်မှုဖြစ်ပွားခဲ့သော ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အသင်းသားပြည်သူများအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံခဲ့သည်။ အဆိုပါကျေးရွာရှိ တက်သစ်စစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် သုခပြည့်စုံမွေးမြူရေးနှင့်အထွေထွေသမဝါယမအသင်းများမှ မီးဘေးသင့် အသင်းသားပြည်သူများအား အားပေးစကားပြောကြားခဲ့နောက် အသင်းသားများ၏ လိုအပ်ချက်များ ကိုမေးမြန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသမဝါယမဦးစီးမှူးသည် မီးလောင်ရာတွင် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည့် ဌာနဝန်ထမ်းနှင့် အသင်းသားပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်