ကျောက်ဆည် မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးစိုက်အသင်းသား တောင်သူများအား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ ပေးအပ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၆ ရက်က အင်ဒိုင်းကျေးရွာ ကွင်းအမှတ် (၁၄၉)တွင် အင်ဒိုင်း စိုက်ပျိုးထုတ်လုပ်ရေး၊ ရွှေလေးစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း၊ ငှက္ကတောင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။
သွင်းအားစုပံ့ပိုးပစ္စည်းပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက ပံ့ပိုးပစ္စည်းငွေရရှိရေး၊ တောင်သူများ၏ စိတ်ကြိုက်သွင်းအားစု ပစ္စည်းများ အချိန်မီရရှိရေး ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နွေစပါး သီးနှံများ အထွက်နှုန်းကောင်းမွန်ရေး စမ်းဝတီကုမ္ပဏီမှ ထုတ်လုပ်သောဈေးနှုန်းသင့်အရည်အသွေး ပြည့်ဝသည့် စမ်းဝတီမြေဩဇာများအကြောင်း ရှင်းလင်းမိတ်ဆက်ခဲ့သည်။
ထို့နောက် အင်ဒိုင်း၊ရွှေလေး၊ ငှက္ကတောင်ကျေးရွာများမှ နွေစပါးစိုက်ပျိုးသည့် သမဝါယမ အသင်းသားတောင်သူ(၈၁)ဦး၏ လက်ဝယ်သို့ နွေစပါးတစ်ဧကငွေ(၂)သိန်းကျပ်နှင့် ညီမျှသော သွင်းအားစုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်