Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာနဝန်ထမ်းများ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်လှစ်


21 Mar,2025

တောင်ကြီး မတ် ၂၁

          ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများအတွက် အခြေခံစာရင်းကိုင်နှင့် စာရင်းစစ် သင်တန်း(အမှုထမ်း)ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၈ ရက်နေ့က သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(တောင်ကြီး) မြတ်ဘုန်းရောင်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က တက်ရောက်အမှာ စကားပြောကြားခဲ့သည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်၊ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုတို့မှ အသင်းဥက္ကဋ္ဌများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများတက်ရောက်ခဲ့ပြီး သင်တန်းကာလအား မတ်လ ၁၈ မှ ၃၁ ရက်နေ့ထိ(၁၄)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်