နေပြည်တော်၊ မတ် ၁၉
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန(SSID)နှင့် ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(TICA)အဖွဲ့တို့ တွေ့ဆုံ ပွဲကို ယနေ့ မွန်းလွဲပိုင်း အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ First Secretary Mr. Wuthikiat Chaicharna၊ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(Thailand International Cooperation Agency-TICA) နှင့် Institute of Small and Medium Enterprises Development (ISMED) မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူး (စီမံကိန်း)က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အကြောင်းအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက MSME ကဏ္ဍများ၊ ယွန်း၊ ရက်ကန်းဆိုင်ရာ ကိစ္စရပ်များ၊ ဌာနမှ လက်ရှိ ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် နည်းပညာဖလှယ်ရေး ကိစ္စရပ် များအား ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(TICA) အဖွဲ့အား ဌာနရှိ ဝါးလက်မှုထည်ပြခန်း၊ ယွန်းထည်ပြခန်း၊ ရက်ကန်း ထည်ပြခန်းနှင့် ဌာန၏ နည်းပညာဖြင့် ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများအား လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်