Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Business Plan ရေးဆွဲခြင်းနှင့် Food Safety Training သင်တန်းဖွင့်လှစ်


19 Mar,2025

နေပြည်တော်၊ မတ် ၁၉

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် MSME Business Plan/ Food Safety Training သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသာများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ နိုင်ငံတွင် MSME လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကအရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ တိုးတက်ပြောင်း လဲနေသော စီးပွားရေးဈေးကွက်တွင် မိမိတို့လုပ်ငန်းအတွက် လိုအပ်သည့် စွမ်းဆောင်ရည်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဈေးကွက်တွင် ထိုးဖောက် နိုင်ရန်အတွက် ကြော်ငြာများ၊ အရောင်းမြှင့်တင်မှုဆိုင်ရာ သဘောတရားများ၊ Food Safety ဆိုင်ရာ အကြောင်းအရာများကို သိရှိနားလည်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ ခေတ်တွင် ဈေးကွက်ရှာဖွေမှုသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါ ကြောင်း၊ ထို့ကြောင့် ဈေးကွက်ရှာဖွေရာမှာ မိမိတို့၏ထုတ်ကုန်ကို လူသိများအောင် ကြော်ငြာ တတ်ရန်လည်း အရေးကြီးပါကြောင်း၊ Social Media များမှ ကြော်ငြာခြင်းသည် ထိရောက်သည် ကြော်ငြာမှုတစ်ခု ဖြစ်ပါကြောင်း၊ လုပ်ငန်းလုပ်ကိုင်ရာမှာ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုသည် အရေးကြီး ၍ ဂရုပြု ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စားသောက်ကုန်ထုတ်လုပ်ရာတွင်လည်း Food Safety အတွက် လိုက်နာရမည့်အချက်များကို သိရှိလိုက်နာပြီး ထုတ်လုပ်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သောသင်တန်းကို မတ်လ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ (၂)ရက်ကြာ သင်တန်း သား (၆၀)ဦးအား Business Plan ရေးဆွဲခြင်း၊ ဈေးကွက် ရှာဖွေခြင်းနှင့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ များဘာသာရပ်များ၊ Food Safety ဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်