ဇေယျာသီရိမြို့နယ် ရွာသစ်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
****************************************************************************
နေပြည်တော် မတ် ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံ ရန်ပုံငွေဖြင့် စည်ပင်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်း ရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်နှင့် တာဝန်ရှိသူများက ရပ်မိရပ်ဖများ၊ ကျေးရွာလမ်းဖြစ် မြောက်ရေး ကော်မတီဝင်များနှင့်အတူ ရွာသစ်ကြီးကျေးရွာ၌ အရှည် ၆ ဒသမ ၅၇၅ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် ကိုးလက်မရှိ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများအား ရေရှည်တည်တံ့အောင် ပျက်စီးမှု မရှိအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြားသည်။
အဆိုပါ ကုန်ထုတ်လမ်းရိစာခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေကျပ် ၃၆ ဒသမ ၇သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် ဇန်နဝါရီ ၁၇ရက်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ထံမှ သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်