ရေဖြူမြို့နယ် မာယံကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
*****************************
ရေဖြူ မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆)နှင့်အညီ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မာယံကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် တာဝန်ရှိသူများသည် မာယံကျေးရွာရှိ ကျေးသူကျေးရွာသားများ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် စိမ့်စမ်းရေပိုက်လိုင်းအရှည် ၃ မိုင် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေအရင်းအမြစ်ရရှိနိုင်မှုအခြေအနေများ၊ ရေသွယ်ယူမည့် လမ်းကြောင်းနှင့် ကျေးရွာ၏ လက်ရှိရေသုံးစွဲမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိက ကျေးရွာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ခု ဘဏ္ဍားရေးနှစ်တွင် ရန်ပုံငွေကျပ် ၇၃ ဒသမ ၈ သန်းဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ပြီးစီးပါက အဆိုပါကျေးရွာနေပြည်သူများနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်း သော သောက်သုံးရေလုံလောက်စွာရရှိမည်ဖြစ်၍ နွေရာသီကာလများတွင် ရေရှားပါးသည့် အခက်အခဲများကို ကုစားနိုင်မည်ဖြစ်ကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်