Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြန်မာ့လက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်လျက်ရှိ


22 Mar,2025

နေပြည်တော်၊ မတ် ၂၂
           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာနနှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(Thailand International Cooperation Agency-TICA) တို့သည် Project on Development of Micro Enterprise (AG 4.2)ကို (၃)နှစ်စီမံကိန်းဖြင့် ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံရှိလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
              အလုပ်ရုံဆွေးနွေးပွဲတွင် ISMED အဖွဲ့မှ ပညာရှင်များဖြစ်သော Miss Jiratha Aganidat (Marketing Consultant) ၊ Mr. Parnuwat Jangjunram (Expert in designing and developing new products) တို့ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးဌာနတွင် လုပ်ငန်းမှတ်ပုံတင် ထားသော လက်မှုလုပ်ငန်းရှင်များနှင့် နည်းပညာရပ်များဖလှယ်ခြင်း၊ ပြည်ပဈေးကွက်များသို့ ထိုးဖောက် ချိတ်ဆက်ခြင်းဆိုင်ရာများ၊ ကုန်ပစ္စည်းထုပ်ပိုးခြင်းဆိုင်ရာများ၊ ကုန်အမှတ်တံဆိပ်(Logo)များ ရေးဆွဲ နည်းဆိုင်ရာများ၊ မိမိတို့၏ လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော Website ရေးဆွဲရာတွင် ထားရှိသင့်သည့် ဒီဇိုင်းများ၊ အရောင်များနှင့်  Website အမည်ပေးခြင်းများ စသည့် လက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။
ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံရှိ လက်မှုလုပ်ငန်းရှင် များအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးပြည့်မီစွာ ထုတ်လုပ်လာနိုင်ခြင်း၊ ပြည်တွင်း/ ပြည်ပ ဈေးကွက်ရှာဖွေရာတွင် လွယ်ကူချောမွေ့လာစေခြင်းနှင့် မြန်မာ့လက်မှုထည်များ ၏ လက်ရာဒီဇိုင်းများကို နိုင်ငံတကာမှ ပိုမိုစိတ်ဝင်စားလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ပါသည်။
           ၎င်းအပြင်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ First Secretary Mr. Wuthikiat Chaicharna ဦးဆောင်သော TICA နှင့် ISMED အဖွဲ့များမှ ကိုယ်စားလှယ်များသည် မတ်လ ၁၉ ရက်နေ့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော အဖွဲ့နှင့် လာရောက်တွေ့ဆုံ၍ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယွန်း၊ ရက်ကန်းဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လက်ရှိဆောင်ရွက်နေသည့် စီမံကိန်း များနှင့် (၂)နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်