လှည်းကူးမြို့နယ် ဆင်ဖုန်ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
+++++++++++++++++++++++++++
လှည်းကူး မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသထွက်ကုန် သီးနှံများရာသီမရွေး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရန်အတွက် ဆင်ဖုန်ကျေးရွာ၌ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှု ကို ယနေ့နံမက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း၊ လှည်းကူးခရိုင်ဦးစီးမှူး ဉီးတင်အောင်သန်း၊ လှည်းကူးမြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများသည် ဆင်ဖုန်ကျေးရွာ၌ ကုန်ထုတ်လမ်းအရှည် ၁ မိုင် သုည ဒသမ ၄၀၉ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ဂဝံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူးက ကျေးရွာကုန်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းဂဝံကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၈ ဒသမ ၉၇၂ သန်းဖြင့် ခေတ်သစ်ကြယ်တံခွန်ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ဒေသထွက်ကုန်သီနှံများ ရာသီမရွေး ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်