Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပ


21 Mar,2025

နေပြည်တော်၊ မတ် ၂၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်သက် (၄၁)နှစ်တာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင် ခဲ့သည့် ညွှန်ကြားရေးမှူး ဒေါ်တင်မာရီအား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ညွှန်ကြားရေးမှူး ဒေါ်တင်မာတို့ တက်ရောက် ကြပါသည်။

          အခမ်းအနားတွင် စီမံခန့်ခွဲရေးဌာနခွဲ ညွှန်ကြားရေးမှူးက သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းဖြစ်သော ညွှန်ကြားရေးမှူး ဒေါ်တင်မာရီ ၏ တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းအား ဖတ်ကြား တင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းတစ်ဦးအနေဖြင့် သက်ပြည့်အငြိမ်းစားယူ သည်အထိ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းအား ဂုဏ်ယူပါကြောင်း၊ ကျန်ရှိသောဝန်ထမ်းများ အနေဖြင့် လည်း သက်ပြည့်တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ သက်ပြည့်အငြိမ်းစားယူခြင်း သည် အောင်မြင်သော လမ်းခွဲခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ညွှန်ကြားရေးမှူး ဒေါ်တင်မာရီအား ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနခွဲများမှ တာဝန်ရှိသူများက သက်ပြည့်အငြိမ်းစားယူမည့် ညွှန်ကြားရေးမှူး ဒေါ်တင်မာရီအား အမှတ် တရ လက်ဆောင်များ ပေးအပ်ကြပြီး ညွှန်ကြားရေးမှူး ဒေါ်တင်မာရီက အမှတ်တရနှုတ်ဆက် စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်