ဘားအံမြို့နယ် လှိုင်ကမ္ဘာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး
ဘားအံ မတ် ၂၄
ကရင်ပြည်နယ် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်အတွက် လှိုင်ကမ္ဘာကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မတ်လ ၂၄ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်နှင့် ခရိုင် မြို့နယ်တာဝန်ရှိသူများက လှိုင်ကမ္ဘာကျေးရွာ သောက်သုံးရေ ရရှိရေးကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက ဆောင်ရွက်ပြီးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲအောင် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ကျေးရွာမှ တာဝန်ရှိသူများအားမှာကြားသည်။
ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ်၄၉ ဒသမ ၅ သန်းဖြင့် လှိုင်ကမ္ဘာကျေးရွာ၌ အကျယ် လေးလက်မခွဲ အနက်ပေ ၂၀၀ စက်ရေတွင်းတစ်တွင်း၊ ဂါလံ ၂၄၀၀ဆံ့ စင်မြင့်ရေစင်နှင့် ရေစက်ရုံအောက်ခန်းဖွဲ့ခြင်းနှင့် ၅၇၅ဝပ်ဆိုလာ ၈ ချပ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဌာနကော်မတီကမေလ ပထမ ပတ်က စတင်တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သဖြင့် အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၇၀အိမ်မှ လူဦးရေ ၂၈၀ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေများဖူလုံစွာရရှိနေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်