Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု


24 Mar,2025

ညောင်လေးပင် မတ် ၂၄

          ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ နွေစပါးစိုက်ပျိုးသည့် သမဝါယမအသင်းများ၏ နွေစပါးစိုက်ဧက ၅၀၅ ဧကအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေရယူပြီး တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းနှင့် ညီမျှသောမျိုးနှင့် သွင်းအားစုများ ကို မြို့နယ်သမဝါယမအသင်းစုမှ တစ်ဆင့် ပံ့ပိုးဆောင်ရွက်ခဲ့သည်။ ၎င်းနွေစပါးစိုက်ဧကများအနက် ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း ပိုင်လယ်တွင် စိုက်ပျိုးထားသည့် စိုက်ပျိုးဧက ၁၄၉ ဧက၏ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများအား မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်