ဇေယျာသီရိမြို့နယ် ကျွန်းရောင်းကျေးရွာ၌ ဘက်စုံသုံးခန်းမလွှဲပြောင်းပေးအပ်ပွဲကျင်းပ
နေပြည်တော် မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးက အဖွင့်အမှာစကား ပြောကြားပါသည်။
ဆက်လက်၍ ဇေယျာသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်က ကျွန်းရောင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ဘက်စုံသုံးခန်းမ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်ရှင်းလင်းပြောကြားပြီး ကျေးရွာသူကျေးရွာသာများအနေဖြင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။
ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များနှင့် အထောက်အထားစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကော်မတီဝင်များက လက်ခံရယူကြပါသည်။
အဆိုပါ ကျွန်းရောင်းကျေးရွာ ဘက်စုံသုံးခန်းမ အလျား ၃၀ ပေ အနံ ၂၄ ပေ အမြင့် ၁၁ ပေ တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀ ၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၉ ဒသမ ၈ သိန်း စုစုပေါင်းငွေကျပ် ၁၈၉ ဒသမ ၈ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးထံမှသိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်