Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ် ဇဟာကျေးရွာ၌ ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး


24 Mar,2025

ထားဝယ်မြို့နယ် ဇဟာကျေးရွာ၌ ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး

***************************************

ထားဝယ်      မတ်        ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းဖြင့် ဇဟာကျေးရွာ၌ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက (၁၃-၃-၂၀၂၅)ရက်နေ့နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သာသာရည် နှင့် တာဝန်ရှိသူများသည် ဇဟာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေများအသုံးပြု၍ အစုအဖွဲ့စနစ်ဖြင့် ဂန္ဓမာအဖွဲ့၊ ပန်းဥယျာဉ်အဖွဲ့၊ ခတ္တာအဖွဲ့နှင့် စံပယ်အဖွဲ့တို့မှ စိုက်ပျိုးရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအ‌ခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းများအောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ထားဝယ်မြို့နယ်၊ ဇဟာကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး အစုအဖွဲ့တစ်ဖွဲ့လျှင် စီမံကိန်းထောက်ပံ့ငွေကျပ် ၇၅ သိန်းစီဖြင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်