ကျောင်းကုန်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စုသို့ရောက်ရှိကာ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်သော ဆိပ်သာ - လေးအိမ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ကရစ်တံတားကို ယမန်နေ့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါ တံတားသစ်သည် အလျားပေ ၄၀ x အကျယ်ပေ ၂၀ ရှိသည်။ ဖွင့်ပွဲအပြီးတွင် တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရေးမှာကြားသည်။ ဖျော်ဖြေပေးသည့် ကရင်ဒုံးယိမ်းအကအဖွဲ့၊ ဆင်အကအဖွဲ့နှင့် အိုးစည်ဒိုးပတ်အဖွဲ့တို့အား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကုန်းမြို့နယ် ကျုံတာကျေးရွာနှင့် အိမ်မဲမြို့နယ် သရွတ်ကြီးကျေးရွာချင်းဆက်လမ်းနှင့် ကွန်ကရစ်တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါ တံတားသည် အလျားပေ ၁၀၀ x အကျယ်ပေ ၂၀ ရှိပြီး ကျေးရွာချင်းဆက်ကုန်ထုတ်လမ်းဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်