သရက်မြို့နယ် စမ်းအိုင့်ကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
****************************************************************************
နေပြည်တော် မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မတ် ၂၅ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသဘာဝပတ်ဝန်းကျင်နှင့် ကောင်းမွန် သော လူနေမှုစနစ်များ ရရှိစေရန် ကျေးရွာများ၌ အမှိုက်ကန်များ ဆောင်ရွက်ထားရှိပြီး အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းရေးစသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိနန္ဒာအောင်က ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ စမ်းအိုင့်ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့် ကျေးရွာသူ၊ ကျေးရွာသား ၇၀ဦး တက်ရောက်ကြကြောင်း သရက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်