Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမဦးစီးဌာနဝန်ထမ်းများ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)ဖွင့်လှစ်


25 Mar,2025

ပုသိမ် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာနဝန်ထမ်းများအတွက် အခြေခံစာရင်းကိုင်နှင့် စာရင်း စစ်သင်တန်း(အမှုထမ်း) ဖွင့်ပွဲအခမ်းအနားကို သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(ပုသိမ်)၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး နှင့် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ ဆရာ/ ဆရာမများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းတက်ရောက်ရသည့်အတွက် ရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် သင်တန်းသားများက မိတ်ဆက်စကားပြောကြားခဲ့သည်။

အဆိုပါ အခြေခံစာရင်းကိုင်နှင့် စာရင်းစစ်သင်တန်း(အမှုထမ်း)အား သမဝါယမဦးစီးဌာန အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ  အခြေခံစာရင်းကိုင်နှင့် စာရင်းစစ် ပညာများ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၁၈ မှ ၃၁ ရက်နေ့ထိ(၁၄)ရက်ကြာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်