Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်းကွန်ကရစ်ခင်းခြင်းနှင့် အမာခံလမ်းပခုံးခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး


25 Mar,2025

ဘုတ်ပြင်း မတ် ၂၃

                 တနင်္သာရီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်သည် ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများသည် မတ် ၁၈ ရက်က အုန်းတောကမ်း-နီပါး-ပါးစပ်ကုန်း-လိပ်ဥချောင်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပခုံး ခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

                  အဆိုပါ ကျောက်ချောလမ်းခင်းခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး မူလရန်ပုံငွေကျပ် သန်း ၁၉၉ ဒသမ ၅ဝဝ ဖြင့် အရှည် (၀/၃)မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ကွန်ကရစ်လမ်းခင်းခြင်းနှင့် အမာခံလမ်းပခုံးခင်းခြင်းလုပ်ငန်းကို ဘုတ်ပြင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်သည်။

 မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်