Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့နယ် ပိုက်တန်းကျေးရွာ ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်


28 Mar,2025

ဝါးခယ်မ      မတ်      ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပိုက်တန်းကျေးရွာကုန်ထုတ် လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်က အဖွင့်အမှာစကားပြောကြားပြီး ဝါးခယ်မမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဇော်ထက်က ကုန်ထုတ်လမ်းဂဝံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များက ကုန်ထုတ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ခဲ့ကြောင်း သိရသည်။

ပိုက်တန်းကျေးရွာကုန်ထုတ်လမ်းဂဝံကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၂ ဒသမ ၆၈၂ သန်းအသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ခြင်းကြောင့် စိုက်ပျိုးရေးဧက ၁၀၀ တွင် စိုက်ပျိုးထားသော ဒေသထွက်ကုန် သီးနှံများကို ရာသီမရွေး အချိန်တိုအတွင်း ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်ကြောင်း ဝါးခယ်မ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်