Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ဘို့လည်ကျေးရွာ၌ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြော


28 Mar,2025

အောင်လံ       မတ်      ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဘို့လည်ကျေးရွာ၌ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို (၂၇-၃-၂၀၂၅)ရက်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အောင်လံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်ဟန်သီရိအောင် က မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ပတ်ဝန်းကျင်ညစ်ညမ်းမှုမ‌ဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများက မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲသို့ ဘို့လည်ကျေးရွာမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သား ၉၀ ဦး တက်ရောက်ခဲ့ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်