"သာပေါင်းမြို့နယ် သစ်ပုတ်ကုန်းကျေးရွာ ၌စက်ရေတွင်းသစ်ဖွင့်ပွဲအခမ်းအနား ကျင်းပ"
သာပေါင်း၊မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနှစ်( ၈၀) ပြည့်တပ်မတော်နေ့အား ကြိုဆိုရုဏ်ပြုသောအားဖြင့် သာပေါင်းမြို့နယ်၊သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊သစ်ပုတ်ကုန်းကျေးရွာ ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၁၇ဒသမ ၅သန်းဖြင့်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၆ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်းဧရာထိုက်၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေတာ တို့က သစ်ပုတ်ကုန်းကျေးရွာ၌ စက်ရေတွင်းသစ်တူးဖော်ခြင်းလုပ်ငန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သာပေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်းဧရာထိုက်၊မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးရွှေတာ တို့က ကျေးရွာ၌ ဆောင်ရွက်ထားရှိသော စက်ရေတွင်းသစ်နှင့်စပ်ဆက်လုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်းဧရာထိုက်က ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲစေရေးကျေးရွာရေရရှိရေးကော်မတီဝင်များနှင့် ကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
သစ်ပုတ်ကုန်းကျေးရွာ၌ အနက်ပေ ၄၀၀ အတိုင်းအတာရှိစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊အလျား ၁၀ပေ၊အနံ ၈ပေ၊အမြင့် ၈ပေအတိုင်းအတာရှိ ရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်း၊အလျား၁၂ပေ၊အနံ၆ပေ၊အမြင့် ၅ပေအတိုင်းအတာရှိ ရေကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့်အလျား၃၀ပေ၊အနံ ၃၀ပေ၊အမြင့်၅ပေအတ်ိုင်းအတာရှိ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုငွေကျပ် ၁၇ ဒသမ ၅သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ်၊ဇူလိုင်လ ပထမပတ်မှတာဝန်ယူဆောင်ရွက်ခဲ့ရာယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ၊ အဆိုပါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် သစ်ပုတ်ကုန်း ကျေးရွာရှိကျေးရွာသူ၊ကျေးရွာသားများအနေဖြင့်လူနေမှုအဆင့်အတန်းမြင့်မားလာမည့်အပြင် ကျွဲ၊နွားတိရစ္ဆာန်များနှင့်ကျေးရွာသူ၊ကျေးရွာသားတို့အတွက် ရာသီအချိန်အခါမရွေး အိမ်တိုင်ရာရောက်သန့်ရှင်းသော သောက်သုံးရေကို အလွယ်တကူရရှိမည်ဖြစ်ကြောင်း သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ် က ပြောပြ၍သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်