Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်မြို့နယ် သမဝါယမအသင်းစုမှ ဆောင်းဆီထွက်သီးနှံ နေကြာ (ရေဆင်းစပ်မျိုး- ၁) စံကွက်ရိတ်သိမ်း


26 Mar,2025

ပြည် မတ် ၂၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းစုမှ ၂၀၂၄-၂၀၂၅ ဆောင်းဆီ ထွက်သီးနှံနေကြာ (ရေဆင်းစပ်မျိုး- ၁) စံကွက်ရိတ်သိမ်းပွဲကို ပြည်မြို့နယ် မြောင်းဆုံ ကျေးရွာအုပ်စု၊ ဂွေးပင်ကုန်းကျေးရွာရှိ စံပြစိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲဆောင်ရွက်နေမှုအား ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် သမဝါယမ ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီးဒေသထွက်ကုန် စားသုံးဆီ ဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်