Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"သာပေါင်းမြို့နယ် အုန်းပင်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ချေး"


09 Apr,2025

"သာပေါင်းမြို့နယ် အုန်းပင်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ချေး"
သာပေါင်း၊ ဧပြီ ၉

     ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အုန်းပင်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
     ရှေးဦးစွာ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊ မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
     ဆက်လက်၍သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး အုန်းပင်စုကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၀၁သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
     ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အုန်းပင်စုကျေးရွာတွင် ဆဋ္ဌမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၅ဦးကို ငွေကျပ် ၈၄သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၅ဦးကို ငွေကျပ်၂၉၁သိန်း၊ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူ ငါးဦးကို ငွေကျပ်၂၆သိန်း၊ စုစုပေါင်းအသင်းသား၊အသင်းသူ  ၇၅ဦးကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၀၁သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
နွဲ့ယဉ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်