ကံမမြို့နယ် အုပ်ဖိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေး
*****************************************************************************
ကံမ ဧပြီ ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်၊ အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီး ရရှိစေရန် ရည်ရွယ်၍ ကျွန်းကလေးကျေးရွာအုပ်စု၊ အုပ်ဖိုကျေးရွာ၌ ဒသမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ ကျေးရွာစီမံကိန်းလက်စွဲစာစောင်ပါ လမ်းညွှန်ချက်များ၊ ချေးငွေ ထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၄၃ ဒသမ ၃သန်း လွှဲပြောင်းပေးအပ်သည်၊၊
ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက အုပ်ဖိုကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၃၁ဦးကို ငွေကျပ် ၁၃ ဒသမ ၀၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၇၂ဦးကို ငွေကျပ် ၂၆ ဒသမ ၂၁သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ငါးဦးကို ငွေကျပ် ၁ ဒသမ ၉၂သန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ခြောက်ဦးကို ငွေကျပ် ၂ ဒသမ ၁၂သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၁၄ဦးကို မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကျပ် ၄၃ ဒသမ ၃သန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်၊၊
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်