သနပ်ပင်မြို့နယ် သနတ်တန်းကျေးရွာ၌ စာသင်ကျောင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး
သနပ်ပင်၊ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သနတ်တန်းကျေးရွာအုပ်စု ၊သနတ်တန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် စာသင်ကျောင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ သနတ်တန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့သည့် စာသင်ကျောင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းက လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
သနတ်တန်းကျေးရွာ၌ အရှည် ၉၁၈ပေ၊အကျယ် ၁၂ပေ၊အမြင့်၆လက်မအတိုင်း အတာရှိ စာသင်ကျောင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်ငွေကျပ်သိန်း၁၀၀အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကအနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ယခုနှစ် ဖေဖော်ဝါရီလ စတုတ္ထပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် သနတ်တန်းကျေးရွာရှိ အိမ်ခြေ ၄၅၀၊ လူဦးရေ၂၉၆၆ဦးတို့ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးကျန်းမာရေး၊လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင်လည်းအကျိုးပြုသွားမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်