ဘုတ်ပြင်းမြို့နယ် ကရိုင်တိုင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ်မြောက်ထုတ်ချေး
*********************************
ဘုတ်ပြင်း ဧပြီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၄ ရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွင်လျက်ရှိရာ (၅-၄-၂၀၂၅)ရက်နေ့ နက်ပိုင်းက ကရိုင်တိုင်ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်သက်ခိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ် ချက်များ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင် စီမံကိန်းရန်ပုံငွေကျပ် ၅၂ ဒသမ ၄ သန်းကို ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ကရိုင်တိုင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုသူ ၁၆ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုသူ ၃၂ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၆ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၂ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၂ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၇၈ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၂ ဒသမ ၄ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကရိုင်တိုင်ကျေးရွာ၌ ၂၀၁၇-၂၀၁၈ခု ဘဏ္ဍာရေးနှစ်ကစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ငွေကျပ် သိန်းသုံးရာ မတည်ပေးခဲ့ပြီး အဆိုပါစီမံကိန်းအတိုးရငွေမှ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝ ဖွံ့ဖြိုးတိုးတက်လာကြောင်း ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်