Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြို့ပင်ကောက်မြို့နယ်၌ အိုးဘိုစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နဝမအကြိမ်ပြန်လည်ထုတ်ချေး


11 Apr,2025

ကြို့ပင်ကောက်မြို့နယ်၌ အိုးဘိုစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း နဝမအကြိမ်ပြန်လည်ထုတ်ချေး

ကြို့ပင်ကောက် ဧပြီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာဖြစ်သည့် ဘုရားကြီးကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ နဝမ အကြိမ်ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိသားစု စားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဘုရားကြီးကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း နဝမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၄ ဦး၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ တစ်ဦး စုစုပေါင်း အသင်းသား ၈၇ ဦးအတွက် စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၄၃၀ သိန်းကို နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ကြို့ပင်ကောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီသီအောင်က ပြောပြ၍ သိရသည်။

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်