Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မုဒုံမြို့၌ တောင်သူများအား အောင်နိုင်တိုးအထွက်တိုးမျိုးစပါးများ ပေးအပ်ပွဲကျင်းပ


02 May,2025

မုဒုံ မေ ၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း (၇)သင်းမှ အသင်း သားတောင်သူများထံသို့ အထွက်တိုးမျိုးစပါး (အောင်နိုင်တိုး) ပေးအပ်ပွဲအခမ်းအနားကို အသင်းစု လီမီတက်အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သမဝါယမကဏ္ဍအနေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်ခြင်းသည် ဒေသတွင်းဝမ်းစာဖူလုံရေး၊ အသင်းသားတောင်သူများ၏ ဝင်ငွေတိုးတက်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကြောင့် တောင်သူများ စိုက်ပျိုးသည့်လယ်မြေများ စပါးအထွက်နှုန်းတိုးမြင့်မှသာလျှင် အောင်မြင်မှာဖြစ် သလို၊ အထွက်တိုးနှင့် မျိုးကောင်းမျိုးသန့်များကိုသာ စိုက်ပျိုးရမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက် နှုန်းရရှိရေးနှင့် မိသားစုဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ရမှာဖြစ်ကြောင်း အမှာစကားပြော ကြားသည်။

ထိုနောက် ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သမဝါယမအသင်း (၇)သင်း တောင်သူ(၁၀၇)ဦး၏ စိုက်ဧက(၄၄၈)ဧကအတွက် တစ်ဧကလျင် ကျပ်(၅)သိန်းနှုန်း စုစုပေါင်းကျပ် (၂၂၄) သန်း ညီမျှသည့် သွင်းအားစုမျိုးစပါးလိုအပ်ချက်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ရာမည

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်