Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာတွင် သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ဖြန့်ဝေလှူဒါန်း


09 May,2025

ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာတွင် သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ဖြန့်ဝေလှူဒါန်း

နေပြည်တော်  မေ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အောင်သုခကျေးရွာအုပ်စု၊ အောင်သုခကျေးရွာရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးနှင့် မြို့နယ်ဝန်ထမ်းများက သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ကို ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။

ဇေယျာသီရိခရိုင်နှင့် ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက အောင်သုခကျေးရွာ၌ မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ကျေးရွာနေပြည်သူများ လတ်တလော သောက်သုံးရေများဆင်ပြေစေရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေလှူဒါန်းကြပါသည်။

အဆိုပါ အောင်သုခကျေးရွာရှိ ငလျင်ဘေးသင့်ပြည်သူ အိမ်ခြေ ၁၃၂၁ ၊ လူဦးရေ ၄၄၃၂ ဦးတို့အတွက်  ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်ဂါလန် ၂၄၀၀ ကို ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်